တောလည် 26:57 - Common Language Bible လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။- Garrad Bible လေ ဝိ အ ဆက် အ နွယ် အ လိုက် စာ ရင်း ဝင် သည် ကား ဂေ ရ ရှုံ မှ ဆင်း သက် သော ဂေ ရ ရှုံ့ အ ဆက် အ နွယ်၊ ကော ဟတ် မှ ဆင်း သက် သော ကော ဟတ် အ ဆက် အ နွယ်၊ မေ ရာ ရိ မှ ဆင်း သက် သော မေ ရာ ရိ အ ဆက် အ နွယ် တို့ တည်း။ Judson Bible ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သားဟူမူကား၊ ဂေရရှုန်မှဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။ မြန်မာ့စံမီသမ္မာကျမ်း မျိုးနွယ်စုအလိုက် လေဝိအမျိုးစာရင်းဝင်သောသူတို့ကား ဂေရရှုန်မှဆင်းသက်သော ဂေရရှုန်မျိုးနွယ်စု၊ ကောဟတ်မှဆင်းသက်သော ကောဟတ်မျိုးနွယ်စု၊ မေရာရိမှဆင်းသက်သော မေရာရိမျိုးနွယ်စု တို့ဖြစ်ကြ၏။ |
အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။-
ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊-
လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။