ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
တောလည် 26:41 - Common Language Bible ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။ Garrad Bible ထို သို့ ဖြစ် သော ဗင်္ယာ မိန့် အ ဆက် အ နွယ် စာ ရင်း ဝင် လူ ပေါင်း ကား လေး သောင်း ငါး ထောင့် ခြောက် ရာ ရှိ သ တည်း။ Judson Bible ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာ ရှိသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား မျိုးနွယ်စုအလိုက် ဗင်္ယာမိန်၏အမျိုးအနွယ်များဖြစ်ကြပြီး သူတို့၏အရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာရှိ၏။ |
ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-
သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-