တောလည် 26:33 - Common Language Bible ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။- Garrad Bible ဟေ ဖာ့ သား ဇ လော ဖဒ်၌ ကား သား ယောက်ျား မ ရှိ။ မာ လာ၊ နော အာ၊ ဟော ဂ လာ၊ မိ လ ခါ၊ တိ ရ ဇာ အ မည် ရှိ သော သ မီး များ သာ တည်း။ Judson Bible ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဟေဖာသား ဇလောဖဒ်၌ သားမရှိ၊ သမီးများသာရှိ၏။ ထိုသမီးတို့၏အမည်မှာ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ တို့ဖြစ်ကြ၏။ |
ဇလောဖဒ်သည်ဟေဖေရ၏သား၊ ဟေဖေရ သည်ဂိလဒ်၏သား၊ ဂိလဒ်သည်မာခိရ၏သား၊ မာခိရသည်မနာရှေ၏သား၊ မနာရှေသည် ယောသပ်၏သားဖြစ်သည်။ ဇလောဖဒ်၏သမီး များဖြစ်ကြသောမာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာနှင့်တိရဇာတို့သည်၊-
``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-
မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။-