သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။
တောလည် 24:20 - Common Language Bible ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။'' Garrad Bible အာ မ လက် လူ မျိုး ကို စီး ကြည့်၍ က ဗျာ ဖွဲ့ ဆို သည် မှာ လူ မျိုး ခြား တို့၏ အ ထွဋ် အ မြတ် ဖြစ် သော အာ မ လက် လူ မျိုး သည် အ ဆုံး၌ ပျက် စီး ရာ ရောက် လိမ့် မည် ဟူ၍ တည်း။ Judson Bible တစ်ဖန် အာမလက်ပြည်ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွတ်ဖြစ်ဖူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။ |
သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။
ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
မင်းကြီးသည်ဧသတာလျှောက်ထားသည့် အတိုင်း ရှုရှန်မြို့တွင်ကြေညာချက်ထုတ် ပြန်ကာ ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူ၏။-
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
ဣသရေလနိုင်ငံသည်အဆက်မပြတ် အောင်ပွဲခံလိမ့်မည်။ ဣသရေလနိုင်ငံသည်ရန်သူတို့ကိုချေမှုန်း၍ တစ်ယောက်မကျန်သုတ်သင်ဖျက်ဆီးလိမ့်မည်။''
ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
သူသည်ရွပ်ရွပ်ချွံချွံတိုက်ပွဲများဝင်ခဲ့ သည်။ အာမလက်အမျိုးသားတို့ကိုပင် တိုက်ခိုက်နှိမ်နင်းခဲ့လေသည်။ သူသည် ဣသရေလအမျိုးသားတို့အား ရန်သူ အပေါင်းတို့၏ဘေးမှကယ်ဆယ်ခဲ့၏။
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-