တောလည် 24:2 - Common Language Bible ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။- Garrad Bible သဲ တော သို့ မျက် နှာ ပြု လျက် မျှော် ကြည့် ရာ အ နွယ် များ အ လိုက်၊ ဣ သ ရေ လ လူ မျိုး တို့ စွဲ ရပ် နေ ကြ သည် ကို မြင် သော် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သက် ရောက် သ ဖြင့်၊ Judson Bible သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလအမျိုးသားတို့သည် အမျိုးအနွယ်အလိုက် အသီးအသီးတပ်ချလျက်နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်တော်မူလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍ |
ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။-
တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။-