တောလည် 24:15 - Common Language Bible ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။ Garrad Bible က ဗျာ ဖွဲ့ ဆို သော ဗာ လမ် က မံ သ စ က္ခု ပိတ် သော် လည်း ပျပ် ဝပ် ပြီး လျှင် မ နော စ က္ခု အ လင်း ရ သည့် အ တိုင်း ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် ကို ကြား နာ ခွင့်၊ မြင့် မြတ် သော ဘု ရား၏ အ သိ ပ ညာ ကို သိ ကျွမ်း ခွင့်၊ အ န န္တ တန် ခိုး ရှင် ကို ဖူး မြင် ခွင့် ရ သော ဗော ရ သား ငါ ဗာ လမ် ဆင့် ဆို ချက် ကား၊ Judson Bible ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊ မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်ပြုသည်မှာ “ဗောရ၏သားဗာလမ်၊ မျက်စိပွင့်သွားသောသူ၊ |
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ အမြင့်ဆုံးသောဘုရားထံတော်မှ အသိပညာကိုရရှိ၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။