ထို့ကြောင့်ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရ၏။ ဗာလက် ဘုရင်ကထာဝရဘုရားမည်သို့မိန့်ကြား တော်မူကြောင်းကိုမေးမြန်း၏။-
မော ဘ မှူး မတ် တို့ နှင့် တ ကွ မီး ရှို့ ရာ သ က္ကာ အ နီး ရပ် နေ သည် ကို ဗာ လမ် ပြန် ရောက် တွေ့ မြင် ရာ ဗာ လက် မင်း က၊ ထာ ဝ ရ ဘု ရား သည် မည် သို့ ဗျာ ဒိတ် ပေး တော် မူ ပါ သ နည်း ဟု မေး သော်၊
ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။
ဗာလမ်သည် ဗာလက်မင်းကြီးထံသို့ပြန်ရောက်သောအခါ ဗာလက်မင်းကြီးက မောဘလူမျိုးအကြီးအကဲများနှင့်အတူ မီးရှို့ရာယဇ်နား၌ ရပ်နေသည်ကို တွေ့ရ၏။ ဗာလက်မင်းကြီးက ဗာလမ်အား “ထာဝရဘုရားမည်သို့မိန့်တော်မူသနည်း”ဟု မေး၏။
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။-
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။
ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-