သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
တောလည် 22:35 - Common Language Bible ကောင်းကင်တမန်ကလည်း``ဤသူတို့နှင့် အတူလိုက်သွားလော့။ သို့ရာတွင်ငါပြော စေလိုသည့်အတိုင်းသာပြောဆိုရမည်'' ဟုဆို၏။ သို့ဖြစ်၍ဗာလမ်သည်သူတို့နှင့် အတူလိုက်ပါသွားလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ သူ တို့ နှင့် အ တူ လိုက် သွား လော့။ သို့ ရာ တွင် ငါ ပေး မည့် ဗျာ ဒိတ် ချက် ကို သာ ဆင့် ဆို ရ မည် ဟု ခွင့် ပြု တော် မူ သည့် အ တိုင်း ဗာ လက် မင်း၏ မှူး မတ် တို့ နှင့် အ တူ ဗာ လမ် လိုက် သွား လေ၏။ Judson Bible ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့်အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။ |
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။-
သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-