သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။-
မော ဘ လူ မျိုး တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ မြောက် များ သည့် အ တွက် ကြောက် လန့် ရွံ ရှာ လျက်၊
ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊
အစ္စရေးလူမျိုးတို့များပြားသောကြောင့် မောဘလူမျိုးတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။ မောဘလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။
ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။ မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။
``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
တုရုမြို့ပျက်စီးသွားသည့်သတင်းကို ကြားသောအခါအီဂျစ်အမျိုးသားတို့ ပင်လန့်ဖျပ်သွားကြကုန်၏။
ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-