အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
တောလည် 20:27 - Common Language Bible ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။- Garrad Bible မော ရှေ လိုက် နာ လျက် ပ ရိ သတ် အား လုံး မျက် မှောက် ဟော ရ တောင် ပေါ် သို့ တက် သွား ကြ ပြီး မှ၊ Judson Bible မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း နာခံလျက် လူထုအပေါင်းတို့၏မျက်မှောက်မှာပင် ဟောရတောင်ပေါ်သို့သူတို့တက်သွားကြ၏။ |
အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-