သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
တောလည် 18:29 - Common Language Bible သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။- Garrad Bible သင် တို့ ခံ ရ သ မျှ အ နက် သီး သန့် ထား အပ် သော အ ထူး အ မြတ် ကို ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ အ ဖြစ် မြှောက် ဆက် ကြ ရ မည်။ Judson Bible သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဖို့ သန့်ရှင်းသောအဖို့ကိုနုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ခံယူရရှိသောပူဇော်သက္ကာအားလုံးထဲမှ ထာဝရဘုရားနှင့်ဆိုင်သောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ အကောင်းဆုံးအလှူပစ္စည်း၊ သန့်ရှင်းသောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ |
သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။-
လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။-