သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
တောလည် 16:49 - Common Language Bible ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။- Judson Bible ကောရအမှုကြောင့် သေသောသူတို့ကိုထား၍ ထိုဘေးဥပဒ်ဖြင့် သေသောလူပေါင်းကား၊ တစ်သောင်းလေးထောင်ခုနစ်ရာ ရှိသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။ |
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
ရောဂါအန္တရာယ်ပပျောက်သွားပြီးနောက် အာရုန်သည်မောရှေရှိရာတဲတော်တံခါးဝ သို့ပြန်လာခဲ့လေသည်။
သို့ရာတွင်ထိုကပ်ရောဂါကြောင့်လူပေါင်း နှစ်သောင်းလေးထောင်သေဆုံးပြီးဖြစ်သည်။
သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-