ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
တောလည် 12:4 - Common Language Bible ချက်ချင်းပင်ထာဝရဘုရားသည်မောရှေ၊ အာရုန်နှင့်မိရိအံတို့အား``သင်တို့သုံး ဦးစလုံးတဲတော်သို့လာခဲ့ကြလော့'' ဟု မိန့်တော်မူ၏။ သူတို့သည်တဲတော်သို့ရောက်ရှိ သောအခါ၊- Garrad Bible ထာ ဝ ရ ဘု ရား က၊ သုံး ဦး လုံး ပင် တွေ့ ဆုံ ရာ တဲ တော် သို့ လာ ကြ လော့ ဟု မော ရှေ၊ အာ ရုန်၊ မိ ရိ အံ တို့ အား မိန့် တော် မူ သည့် အ တိုင်း လာ ရောက် ကြ ရာ၊ Judson Bible ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ချင်းမိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “တွေ့ဆုံစည်းဝေးရာတဲတော်သို့ သင်တို့သုံးယောက်လာကြလော့”ဟု မောရှေ၊ အာရုန်နှင့် မိရိအံတို့အား ချက်ချင်းမိန့်တော်မူသဖြင့် သူတို့သုံးယောက်သည် ထွက်လာကြ၏။ |
ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
(မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
ထာဝရဘုရားသည်မိုးတိမ်တိုင်ဖြင့်ကြွ လာ၍ တဲတော်တံခါးဝတွင်ရပ်လျက်``အာရုန်၊ မိရိအံ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါသူ တို့နှစ်ဦးသည်ရှေ့သို့ထွက်လာသဖြင့်၊-