သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
တောလည် 12:1 - Common Language Bible မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။- Garrad Bible မိ ရိ အံ၊ အာ ရုန် တို့ သည် ကု ရှ အ မျိုး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သော မော ရှေ ကို ထို မိန်း မ အ တွက် မ ကောင်း တင်း ပြော ကြ သည် မှာ၊ Judson Bible မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဖက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ကုရှိအမျိုးသမီးတစ်ယောက်နှင့်စုံဖက်သဖြင့် ထိုကုရှိအမျိုးသမီးနှင့်ပတ်သက်၍ မိရိအံနှင့်အာရုန်သည် မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။ |
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-
ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-
သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
မုဆိုးမ၊ လင်ကွာမိန်းမ၊ ပြည့်တန်ဆာမ တို့နှင့်ထိမ်းမြားစုံဖက်ခြင်းမပြုရ။ သူ သည်မိမိအမျိုးအနွယ်ထဲမှအပျိုစင် ကိုသာထိမ်းမြားစုံဖက်ရမည်။-
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
လူတစ်ဦးတစ်ယောက်၏အဆိုးဆုံးရန်သူများ ကား သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။-
ကိုယ်တော်က ``ငါ့အမိကားမည်သူနည်း။ ငါ့ညီ၊ ငါ့အစ်ကိုများကားမည်သူနည်း'' ဟုပြန်၍ မေးတော်မူ၏။-
ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။