အို ထာဝရဘုရား၊ တန်ခိုးတော်၏အမှတ်လက္ခဏာဖြစ်သည့် ပဋိညာဉ်သေတ္တာတော်နှင့်အတူဗိမာန်တော်သို့ ကြွလာတော်မူ၏။
တောလည် 10:35 - Common Language Bible ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊- Garrad Bible သေ တ္တာ တော် ကို ပင့် ဆောင် ကြ သော အ ခါ တိုင်း မော ရှေ က၊ အို ထာ ဝ ရ ဘု ရား၊ ထ တော် မူ၍ ရန် သူ တော် တို့ ကွယ် လွင့် ကြ ပါ စေ သော။ ကိုယ် တော် ကို မုန်း သော သူ တို့ လည်း မျက် မှောက် တော် မှ ပြေး ကြ ပါ စေ သော ဟူ ၍ လည်း ကောင်း၊ Judson Bible သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း သေတ္တာတော်ခရီးပြုသောအခါ မောရှေက “အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော့်ထံမှ ထွက်ပြေးကြပါစေသော”ဟု လျှောက်ဆို၍ |
အို ထာဝရဘုရား၊ တန်ခိုးတော်၏အမှတ်လက္ခဏာဖြစ်သည့် ပဋိညာဉ်သေတ္တာတော်နှင့်အတူဗိမာန်တော်သို့ ကြွလာတော်မူ၏။
ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။
အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။
အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-