ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
တောလည် 10:30 - Common Language Bible ဟောဗပ်က``ငါမလိုက်လိုပါ။ ငါ၏နေရင်း ပြည်သို့ပြန်မည်'' ဟုဖြေကြားလေ၏။ Garrad Bible နေ ရင်း ပြည်၊ ဆွေ မျိုး သား ချင်း ရှိ ရာ သို့ ပြန် တော့ မည် ဟု ဆို သော်၊ Judson Bible ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဟောဗပ်က “ငါမလိုက်ပါ။ ငါ့ပြည်၊ ငါ့လူမျိုးတို့ရှိရာသို့သာ ငါပြန်သွားမည်”ဟု ဆိုလေ၏။ |
ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
အရှင်မင်းကြီး၏ကြင်ရာတော်လောင်း၊ နားထောင်ပါလော့။ သင်သည်ကိုယ့်အမျိုးသားများနှင့်ဆွေမျိုးတို့ကို မေ့ပစ်ပါလော့။
ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။
ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
သားကြီးက `အကျွန်ုပ်မသွားလိုပါ' ဟုဆို သော်လည်းနောက်မှစိတ်ပြောင်းလဲသဖြင့် ဥယျာဉ်သို့သွားလေ၏။-
``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-
ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-
အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-