သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
တောလည် 10:11 - Common Language Bible ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊- Garrad Bible ဒု တိ ယ နှစ်၊ ဒု တိ ယ လ၊ နှစ် ဆယ် ရက် နေ့ တွင် တိမ် တိုက် သည် သက် သေ တော် ရှိ စံ ရာ တော် အ ထက် မှ တက် သော်၊ Judson Bible ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက်သောနေ့ရက်၌၊ မိုးတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည်ဖြစ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် မိုးတိမ်သည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ ကွာသွားသဖြင့် |
သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊-
တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-