သို့ရာတွင်သင်သည်မှန်ကန်သည့်အယူဝါဒ နှင့်ကိုက်ညီသည့် အကြောင်းအရာကိုသွန်သင် ရမည်။-
သင် မူ ကား ကျန်း ခံ့ ရေး ဒေ သ နာ နှင့် ထိုက် လျော် စွာ ဆုံး မ ရ မည် မှာ၊
သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။-
သင်မူကား မှန်ကန်ပြည့်စုံသောဩဝါဒနှင့် သင့်လျော်သည့်အရာများကို ဟောပြောလော့။
သင်သည် မှန်ကန်သောအယူဝါဒနှင့် ကိုက်ညီသည့်အရာများကို သွန်သင်ရမည်။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ကွဲလွဲသည့်အယူဝါဒကိုဟောပြောသွန်သင် ၍ ငါတို့အရှင်ယေရှုခရစ်၏ဟုတ်မှန်သည့် စကားကိုလည်းကောင်း၊ ငါတို့ဘာသာတရား တော်ကိုလည်းကောင်းဝန်မခံသူသည်ကား၊-
ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။
ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။