ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
တမန်တော်ဝတ္ထု 8:6 - Common Language Bible လူပရိသတ်တို့သည်ဖိလိပ္ပုပြသည့်နိမိတ် လက္ခဏာများကိုမြင်သဖြင့် သူ၏တရား စကားကိုအာရုံစိုက်၍နာယူကြ၏။- Garrad Bible ပြ သော နိ မိတ် လ က္ခ ဏာ များ ကို မြင်၍ ဟော ပြော သော အ ကြောင်း အ ရာ များ ကို ကြား လျှင် လူ အ မြောက် အ မြား တို့ သည် တ ညီ တ ညွတ် တည်း ဂ ရု ပြု ကြ၏။ Judson Bible လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုပရိသတ်တို့သည် ထိုဟောပြောချက်ကို ကြား၍ ဖိလိပ္ပုပြသော နိမိတ်လက္ခဏာများကိုလည်း မြင်ကြသောအခါ သူဟောသောတရားကို တညီတညွတ်တည်း အာရုံစိုက်၍ နားထောင်ကြ၏။ |
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
နောက်ဥပုသ်နေ့၌သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်နီး ပါးလူတို့လာရောက်ကြ၏။-
ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
ဖိလိပ္ပုသည်ရှမာရိပြည်၏မြို့တော်သို့သွား၍ မေရှိယ၏အကြောင်းကိုဟောပြော၏။-
နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားထဲမှ နတ်မိစ္ဆာများသည် အသံကျယ်စွာဟစ်အော် လျက်ထွက်ခွာသွားကြ၏။ လေဖြတ်သူ၊ ခြေ လက်မစွမ်းမသန်သူများသည်လည်းရောဂါ ပျောက်သွားကြ၏။-