သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
တမန်တော်ဝတ္ထု 8:4 - Common Language Bible ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။- Garrad Bible သို့ နှင့် အ ညီ ကွဲ လွင့် ရ သူ တို့ သည် တ ရား တော် ကို ဟော ပြော လျက် လှည့် လည် ကြ သည့် အ တိုင်း၊ Judson Bible ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကွဲလွင့်သွားသောသူတို့မူကား နှုတ်ကပတ်တရားကို လှည့်လည်ဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြင့် ကွဲလွင့်ပျံ့နှံ့သွားသောသူတို့သည် ရောက်ရှိရာအရပ်သို့လှည့်လည်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ |
သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်အန္တိအုတ်မြို့တွင် ဆက်လက်နေထိုင်၍ သခင်ဘုရား၏နှုတ်ကပတ် တော်ကိုအခြားသူများနှင့်အတူဟောပြော သွန်သင်ကြ၏။
ထိုနေ့မှစ၍ယေရုရှလင်မြို့ရှိအသင်းတော် ဝင်အပေါင်းတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရကြ၏။ သို့ဖြစ်၍သူတို့သည် ယုဒပြည်နှင့် ရှမာရိပြည်များသို့ကွဲလွင့် သွားကြကုန်၏။ တမန်တော်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။-
သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-