တမန်တော်ဝတ္ထု 8:35 - Common Language Bible ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။- Garrad Bible ဖိ လိ ပ္ပု သည် နှုတ် မြွက် လျက် ထို ကျမ်း ချက် က အ စ ပြု၍ ယေ ရှု ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော လေ၏။ Judson Bible ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖိလိပ္ပုက ထိုကျမ်းချက်ကို အခြေခံ၍ ယေရှုအကြောင်းကို စတင်ဟောပြောလေ၏။ |
ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်သူသည်လူထုရှေ့ ဆွေးနွေးပွဲများတွင် ကျမ်းစာတော်မှအထောက် အထားများဖြင့် သခင်ယေရှုသည်မေရှိယ ပင်ဖြစ်ကြောင်းကို ယုဒအမျိုးသားတို့အား ပိုင်နိုင်စွာချေပပြောဆိုသောကြောင့်ဖြစ်၏။
ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။-
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။-
နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။
ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။-
တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။-
ကိုယ်တော်၏အကြောင်းကိုအမှန်ပင်သင်တို့ကြားနာ ကြရပြီ။ ကိုယ်တော်၏တပည့်များအနေဖြင့် သခင် ယေရှု၏သမ္မာတရားတော်အကြောင်းကိုသင်ကြား ခဲ့ကြပြီ။-