ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။-
ထို သူ က ညွှန် ပြ သူ မ ရှိ က မည် သို့ နား လည် နိုင် မည် နည်း ဟု ပြန် ဆို လျက် တက်၍ အ တူ ထိုင် ရန် တောင်း ပန် လေ ၏။
ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟုဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ ထိုင်နေပါမည်အကြောင်း တောင်းပန်၏။
ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
ထိုသူက “ဦးဆောင်ရှင်းပြမည့်သူမရှိလျှင် မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း” ဟု ဖြေ၍ ဖိလိပ္ပုအား မြင်းရထားပေါ်သို့ တက်၍ မိမိနှင့်အတူ ထိုင်ရန် ဖိတ်ခေါ်လေ၏။
သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။-
တိရစ္ဆာန်ကဲ့သို့မိုက်မဲသဖြင့်ကိုယ်တော်ရှင်၏ ရှေ့တော်၌အသိပညာမရှိပါ။
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍ဖိလိပ္ပုသည်ပြေး၍သွားရာပရော ဖက်ဟေရှာယကျမ်းကို ထိုသူဖတ်လျက်နေသည် ကိုကြားသဖြင့်``သင်ဖတ်နေသည့်ကျမ်းချက် ၏အနက်အဋ္ဌိပ္ပါယ်ကိုနားလည်ပါသလော'' ဟုမေး၏။
ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊ ``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။ အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည် နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။-
အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-
မိမိကိုယ်ကိုအသိပညာရှိသည်ဟုထင် မှတ်သူသည် အမှန်ပင်အသိပညာမရှိ။-
ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။-
သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။