အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 8:18 - Common Language Bible

ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရှိ မုန် လည်း တ မန် တော် တို့ လက် တင် ခြင်း အား ဖြင့် ဝိ ညာဉ် တော် ခံ ရ ကြ သည် ကို သိ မြင် သော် မည် သူ့ အ ပေါ်၌ မ ဆို ကျွန် တော် လက် တင် လျှင် သန့် ရှင်း သော ဝိ ညာဉ် တော် ခံ ရ စေ ခွင့် တန် ခိုး ကို ပေး ပါ ဟု လျှောက် လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

တ​မန်​တော်​တို့ လက်​ကို​တင်​သော​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သက်​ရောက်​သည်​ကို ရှိ​မုန်​မြင်​လျှင်၊ ငွေ​ကို​ယူ​ဆောင်​ခဲ့၍၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တမန်တော်​တို့​လက်​တင်​ခြင်း​အားဖြင့် ဝိညာဉ်​တော်​ကို လူ​တို့​ရရှိ​ကြောင်း ရှိမုန်​မြင်​လျှင် တမန်တော်​တို့​ထံသို့ ငွေ​ကို​ယူဆောင်​လာ​၍

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တမန်တော်တို့​လက်တင်ခြင်း​အားဖြင့် ဝိညာဉ်တော်​ကို လက်ခံရရှိကြောင်း ရှိမုန်​မြင်​သောအခါ သူ​သည် တမန်တော်တို့​အား ငွေ​ပေး​၍

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 8:18
7 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။


မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။


မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။-


ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။


အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။