မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။
တမန်တော်ဝတ္ထု 7:20 - Common Language Bible ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။- Garrad Bible ထို ကာ လ အ လွန် အ ဆင်း လှ သော မော ရှေ ကို ဖွား မြင် ရာ အ ဘ အိမ် တွင် သုံး လ တိုင် တိုင် မွေး မြူ ပြီး မှ ပစ် ထား ရ သော်၊ Judson Bible ထိုအခါ အလွန်အဆင်းလှသော မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဘ၏အိမ်တွင် ကျွေးမွေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သောအချိန်ကာလတွင် မောရှေမွေးဖွားလာရ၏။ သူသည် ဘုရားသခင်ရှေ့တော်၌ နှစ်လိုဖွယ်ကောင်းသူဖြစ်၏။ မောရှေသည် မိဘအိမ်တွင် သုံးလတိုင်တိုင် ပြုစုစောင့်ရှောက်ခြင်းခံရ၏။ |
မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။
သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-