သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
ထို့ ကြောင့် ယ ခု ပြော လို သည် မှာ ဤ သူ တို့ ကို အ ရေး မ ယူ ဘဲ ရှိ နေ ပါ စေ။ ဤ အ ကြံ အ စည်၊ ဤ အ ခြင်း အ ရာ သည် လူ မှ ဖြစ် လျှင် ပျက် ရ မည်။
ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။-
သို့ဖြစ်၍ ယခု သင်တို့အား ငါပြောမည်။ ဤသူတို့နှင့် ကင်းရှင်းစွာနေ၍ သူတို့ကိုလွှတ်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ဤအကြံအစည်၊ သို့မဟုတ် ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်လျှင် ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် ယခုလက်ရှိအမှု၌ သင်တို့အားကျွန်ုပ်ပြောလိုသည်မှာ ဤသူတို့နှင့် မပတ်သက်ကြနှင့်။ သွားကြပါစေ။ ဤအကြံအစည်သည် လူ၏အကြံအစည်ဖြစ်လျှင် ကျရှုံးပျက်စီးပါလိမ့်မည်။
ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
ကိုယ်တော်က ``ကောင်းကင်ဘုံရှင်၊ ငါ၏အဖစိုက်ပျိုး တော်မမူသည့်အပင်ရှိသမျှသည်နုတ်ပစ်ခြင်း ကိုခံရလိမ့်မည်။-
ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။
သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။
ထိုသူက``ဣသရေလအမျိုးသားတို့၊ ဤ သူတို့အားသင်တို့ပြုမည့်အရာကိုသတိ နှင့်ပြုကြလော့။-
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-