လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
တမန်တော်ဝတ္ထု 5:34 - Common Language Bible သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။- Garrad Bible ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ ဂုဏ် အ သ ရေ ရှိ ကျမ်း ဆ ရာ ဂါ မ လျေ လ ခေါ် ဖာ ရိ ရှဲ တစ် ဦး သည် လွှတ် တော် တွင် ထ ရပ်၍ တ မန် တော် တို့ ကို ခေ တ္တ ထုတ် ထား စေ ရန် အ မိန့် ရှိ ပြီး လျှင် ပြော ဆို သည် မှာ၊ Judson Bible ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း လူအားလုံးတို့ရိုသေလေးစားရသော ကျမ်းတတ်ပညာရှင် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်တွင် ထ၍ တမန်တော်တို့ကို အပြင်သို့ခဏထွက်စေရန် အမိန့်ပေးလေ၏။ |
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
ဧလနာသန်၊ ဒေလာယနှင့်ဂေမရိတို့ သည်မင်းကြီးအား ထိုစာလိပ်ကိုမီးမရှို့ ရန်လျှောက်ထားတောင်းပန်ကြသော်လည်း မင်းကြီးသည်သူတို့၏ပန်ကြားချက်ကို နားမထောင်ချေ။-
သူသည်ယုဒဆရာတော်များနှင့်အတူထိုင် ကာသူတို့၏တရားစကားများကိုကြားနာ လျက်၊ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်နေ၏။-
တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။-
တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
ထိုသူက``ဣသရေလအမျိုးသားတို့၊ ဤ သူတို့အားသင်တို့ပြုမည့်အရာကိုသတိ နှင့်ပြုကြလော့။-