မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
တမန်တော်ဝတ္ထု 4:27 - Common Language Bible ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။- Garrad Bible ဟေ ရုဒ် မင်း၊ ပု န္တိ ပိ လတ် မင်း တို့ သည် လူ မျိုး ခြား နှင့် ဣ သ ရေ လ လူ မျိုး တို့ ပါ လက် ရုံး တော်၊ အ ကြံ တော် များ ဖြင့် ကိုယ် တော် တင် ရင် ပြ ဌာန်း တော် မူ ပြီး သည့် အ လျောက် ပြု မူ ရန် ဘိ သိက် တော် ခံ သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု တစ် ဘက်၌ စု ရုံး ကြ ပါ ပြီ။ Judson Bible ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည်၊- မြန်မာ့စံမီသမ္မာကျမ်း အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။ |
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။-
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည်ပြောင်လှောင်ကြ၏။ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။-
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။
လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-