လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
တမန်တော်ဝတ္ထု 3:20 - Common Language Bible ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။- Judson Bible သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထာဝရဘုရားထံတော်မှ သင်တို့အတွက် လန်းဆန်းအားပြည့်ချိန် ကျရောက်လာလိမ့်မည်။ ထိုအခါ သင်တို့အတွက် ခန့်အပ်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေရှုကို ဘုရားသခင်သည် သင်တို့ထံ စေလွှတ်တော်မူလိမ့်မည်။ |
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-
ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ဘုရားသခင်၏နိုင်ငံ တော်ပေါ်ထွန်းတော့မည်ဟုထင်မှတ်ကြ သောကြောင့် အထက်တရားစကားများ ကိုကြားနာနေသူတို့အား ပုံဥပမာဆောင် ၍ ``မင်းညီမင်းသားတစ်ပါးသည်ရှင်ဘုရင် အရာကိုခံယူ၍ပြန်လာရန်တိုင်းတစ်ပါး သို့သွား၏။-
ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။-
သခင်ဘုရားကြွလာတော်မူရာနေ့ကျ ရောက်ပြီဖြစ်ကြောင်းလူတို့ပြောဆိုသည် ကိုကြားရသောအခါ သင်တို့သည်ရုတ်တရက် စိတ်ရှုပ်ထွေးကာမတည်မငြိမ်မဖြစ်ကြနှင့်။ ဤသို့ပြောဆိုခြင်းသည်ငါတို့ပရောဖက် ပြုခြင်းအားဖြင့်ပြောသောစကားဟူ၍ ဖြစ်စေ၊ ငါတို့တရားဟောရာတွင်ပြောသော စကားဟူ၍ဖြစ်စေ၊ ငါတို့စာတွင်ပါရှိ သည့်စကားဟူ၍ဖြစ်စေလူတို့ထင် ကောင်းထင်ကြပေလိမ့်မည်။-
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။