ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
တမန်တော်ဝတ္ထု 26:8 - Common Language Bible သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။'' Garrad Bible သူ သေ တို့ ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ယုံ နိုင် ဖွယ် မ ဟုတ် ဟု အ ဘယ့် ကြောင့် ထင် မှတ် ကြ သ နည်း။ Judson Bible သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။ မြန်မာ့စံမီသမ္မာကျမ်း သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။ |
ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။-
အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။