နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
တမန်တော်ဝတ္ထု 26:32 - Common Language Bible အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။ Garrad Bible ဖေ တ္ထု မင်း အား ကဲ သာ မင်း ထံ အ ယူ တော် ခံ မည် မ ဟုတ် ခဲ့ လျှင် လွှတ် သင့် ပြီ ဟု အ ဂ ရိ ပ္ပ မင်း ဆို လေ၏။ Judson Bible အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုမဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည်ဆီဇာဘုရင်ထံ အယူခံဝင်ခြင်းမပြုခဲ့ပါလျှင် လွှတ်ပေးနိုင်သည်” ဟု ဆိုလေ၏။ |
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
သို့ရာတွင်ယုဒအမျိုးသားတို့ကကန့်ကွက် ကြသောကြောင့် ငါသည်မလွဲမရှောင်သာတော့ ဘဲဧကရာဇ်ဘုရင်ထံအယူခံရ၏။ သို့ပြု ရခြင်းမှာမိမိ၏အမျိုးသားတို့အားစွပ် စွဲပြောဆိုရန်အကြောင်းရှိ၍မဟုတ်။-
သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-