အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
တမန်တော်ဝတ္ထု 25:3 - Common Language Bible သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။- Garrad Bible ခ ရီး အ ကြား ချောင်း မြောင်း သတ် ပစ် မည့် အ ကြံ နှင့် ကျေး ဇူး ပြု၍ ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ ခေါ် ပါ မည့် အ ကြောင်း အ သ နား ခံ ကြ၏။ Judson Bible ပေါလုကို သတ်ခြင်းငှာ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က မိမိတို့အားကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ဆင့်ခေါ်ရန် တောင်းဆိုကြ၏။ ဤသို့တောင်းဆိုရခြင်းမှာ ထိုသူတို့သည် ပေါလုကိုလမ်းတွင် ချောင်းမြောင်း၍ လုပ်ကြံသတ်ဖြတ်ရန် ဖြစ်၏။ |
အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-