အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
တမန်တော်ဝတ္ထု 25:27 - Common Language Bible စွဲချက်တစ်စုံတစ်ရာကိုမဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကိုစေလွှတ်သော် မလျော်မသင့်ဖြစ်မည်ကျွန်ုပ်ထင်ပါသည်'' ဟုဆို၏။ Garrad Bible အ ကြောင်း မ ပြ ဘဲ အ ကျဉ်း သား တစ် ယောက် ကို ပို့ လိုက် လျှင် မ သင့် မ လျော် ကြောင်း ကျွန်ုပ် ထင် မှတ် ပါ သည် ဟု ပြော ဆို၏။ Judson Bible အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျဉ်းသားတစ်ဦးကို သူ့အပေါ်တင်ထားသည့်စွဲချက်များမပါဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု အကျွန်ုပ်ထင်ပါသည်”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အကျဉ်းသားတစ်ဦးအား စွပ်စွဲရသည့်အကြောင်းရင်းတစ်စုံတစ်ရာကို မဖော်ပြဘဲ ပို့ပေးလိုက်ခြင်းသည် မသင့်လျော်ပါဟု ကျွန်ုပ်ယူဆပါသည်” ဟူ၍ ဆိုလေ၏။ |
အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
နိကောဒင်က ``ငါတို့တရားအရအဘယ် အမှုကိုကူးလွန်ကြောင်းစစ်ဆေးခြင်းကိုမပြု၊ တရားခံအားချေပပြောဆိုခွင့်ကိုလည်းမပေး ဘဲတစ်စုံတစ်ယောက်ကိုအပြစ်စီရင်နိုင်ပါ သလော'' ဟုဆို၏။
သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-
အဂြိပ္ပမင်းကြီးက ``သင်လျှောက်ထားနိုင် သည်'' ဟုပေါလုအားဆိုသော် ပေါလုသည် လက်ကိုဆန့်၍၊-