သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
တမန်တော်ဝတ္ထု 24:15 - Common Language Bible အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။- Judson Bible ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ အပေါင်းတို့သည် သေရာမှပြန်ရှင်လိမ့်မည်ဟု သူတို့စောင့်မျှော်လျက်နေသကဲ့သို့ အကျွန်ုပ်သည်လည်း ဘုရားသခင်ကို အမှီပြု၍ စောင့်မျှော်လျက်နေပါ၏။ |
သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။