ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။-
တမန်တော်ဝတ္ထု 24:12 - Common Language Bible ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။- Garrad Bible ဗိ မာန် တော် မှ စ၍ ဓ မ္မာ ရုံ များ တွင် လည်း ကောင်း၊ မြို့ ထဲ တွင် လည်း ကောင်း၊ တစ် ဦး တစ် ယောက် နှင့် ငြင်း ခုန် ခြင်း၊ လူ စု လူ ဝေး ထ ကြွ စေ ခြင်း မ ပြု ပါ။ တွေ့ လည်း မ တွေ့ ကြ ပါ။ Judson Bible ဗိမာန်တော်၌ တစ်စုံတစ်ယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားဇရပ်တို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်း၊ လူများကို မငြိမ်မသက်စေခြင်းငှာ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဗိမာန်တော်၌ဖြစ်စေ၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ဖြစ်စေ၊ မြို့ထဲ၌ဖြစ်စေ တစ်စုံတစ်ဦးနှင့် အချေအတင်ပြောဆိုနေသည်ကိုလည်းကောင်း၊ လူတို့အား အုံကြွအောင်ပြုနေသည်ကိုလည်းကောင်း သူတို့မတွေ့ကြပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗိမာန်တော်၌ဖြစ်စေ၊ ဂျူးဝတ်ပြုဆောင်များ၌ဖြစ်စေ၊ မြို့တွင်း၌ဖြစ်စေ တစ်စုံတစ်ဦးနှင့်အငြင်းအခုံဖြစ်နေသည်ကိုလည်းကောင်း၊ လူထုကို ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် လှုံ့ဆော်နေသည်ကိုလည်းကောင်း၊ သူတို့သည်မတွေ့ကြပါ။ |
ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။-
သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။
ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-