နောက်တစ်နေ့၌ပေါလုသည်ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံသို့သွားရောက်တွေ့ဆုံ၏။ အသင်း တော်လူကြီးအပေါင်းတို့လည်းသူ့ထံတွင် ရောက်ရှိနေကြ၏။-
တမန်တော်ဝတ္ထု 24:11 - Common Language Bible အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။- Garrad Bible ကျွန် တော် သည် ယေ ရု ရှ လင် မြို့ သို့ ဘု ရား ဖူး သွား သည် မှာ ဆယ့် နှစ် ရက် ထက် မ ကြာ သေး ကြောင်း ကိုယ် တော် သိ နိုင် ပါ သည်။ Judson Bible အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တစ်ဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့တက်သွားခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်ထက်မပိုသေးကြောင်း အရှင်စုံစမ်းသိရှိနိုင်ပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်သည် ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့တက်သွားခဲ့သည်မှာ ဆယ့်နှစ်ရက်ပင် မရှိသေးကြောင်း အရှင်စုံစမ်းသိရှိနိုင်ပါ၏။ |
နောက်တစ်နေ့၌ပေါလုသည်ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံသို့သွားရောက်တွေ့ဆုံ၏။ အသင်း တော်လူကြီးအပေါင်းတို့လည်းသူ့ထံတွင် ရောက်ရှိနေကြ၏။-
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-