ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
တမန်တော်ဝတ္ထု 22:26 - Common Language Bible ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။ Garrad Bible ထို စ ကား ကို တပ် မှူး ကြား သော် ဗိုလ် ချုပ် ထံ သွား၍ မည် သို့ ပြု မည် ကြံ သ နည်း။ ထို သူ ရော မ ပါ တ ကား ဟု လျှောက်၏။ Judson Bible တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကို ကြားသောအခါ တပ်မှူးသည် တပ်မှူးကြီးထံသွား၍ “ဆရာ… မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်” ဟု သတင်းပို့လေ၏။ |
ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
ထိုအခါတပ်မှူးသည်ပေါလုထံလာ၍ ``သင် သည်ရောမနိုင်ငံသားပေလော။ ငါ့အားပြော ပါ'' ဟုဆိုလျှင်ပေါလုက ``ဟုတ်ပါ၏'' ဟု ဆို၏။
သူ့ကိုစစ်ဆေးမေးမြန်းမည့်သူတို့သည်လည်း ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြလေ သည်။ ပေါလုသည်ရောမနိုင်ငံသားဖြစ်သည် ကိုလည်းကောင်း၊ သူ့အားသံကြိုးဖြင့်ချည်နှောင် မိသည်ကိုလည်းကောင်းသိမြင်သောအခါ တပ်မှူးသည်ကြောက်လန့်လေ၏။
ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-