သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
တမန်တော်ဝတ္ထု 22:19 - Common Language Bible အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။- Garrad Bible ငါ က အ ရှင် ဘု ရား၊ ကိုယ် တော့် အား ယုံ ကြည် သူ တို့ ကို အ ကျွန်ုပ် သည် ထောင် ချ လျက် ဓ မ္မာ ရုံ တိုင်း တွင် ရိုက် ဒဏ် ခတ် သည် ကို လည်း ကောင်း၊ Judson Bible အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင်ထား၍၊ တရားဇရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်က ‘သခင်ဘုရား… အကျွန်ုပ်သည် ဂျူးဝတ်ပြုဆောင်တစ်ခုမှတစ်ခုသို့ သွား၍ အရှင့်ကို ယုံကြည်သောသူတို့အား ထောင်ချကာ ရိုက်နှက်ကြောင်းကို သူတို့သိကြပါ၏။ |
သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-