အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
တမန်တော်ဝတ္ထု 21:35 - Common Language Bible ရဲတိုက်လှေခါးသို့ရောက်သောအခါလူထု အကြမ်းဖက်မှုပြင်းထန်လာသဖြင့် စစ်သား များသည်ပေါလုကိုချီမြှောက်ထမ်းသွားရ ကြ၏။- Garrad Bible ခံ မြို့ လှေ ကား ပေါ် သို့ တက် မိ လျှင် လူ ထု ပ ရိ သတ် သည် သူ့ ကို ထုတ် လော့ ဟု ဟစ် လျက် တစ် ဟုန် တည်း လိုက် ဝင် သ ဖြင့် စစ် သည် တို့ သည် ပေါ လု ကို ချီ မြှောက် ထမ်း သွား ရ ကြ၏။ Judson Bible လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် လှေကားနားသို့ရောက်သောအခါ လူတို့၏အကြမ်းဖက်မှုကြောင့် စစ်သားများသည် သူ့ကို ချီမ၍ခေါ်သွားကြရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လှေကားနားသို့ရောက်သောအခါ လူထု၏ဆူပူသောင်းကျန်းမှုသည် အလွန်ပြင်းထန်လာသောကြောင့် စစ်သားများသည် ပေါလုကို ထမ်း၍ ခေါ်သွားကြရ၏။ |
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊