ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
တမန်တော်ဝတ္ထု 21:34 - Common Language Bible လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။- Garrad Bible လူ စု ထဲ မှ အ ချို့ က တစ် နည်း၊ အ ချို့ က တစ် မျိုး၊ အော် ဟစ် ဆူ ညံ လျက် ရှိ သော ကြောင့် တပ် ရာ မ သိ နိုင် သည့် အ တွက် ပေါ လု ကို ခံ မြို့ တွင်း သို့ သွင်း ထား စေ ရန် အ မိန့် ရှိ ၏။ Judson Bible လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်ဟစ်နေကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည်အဖြစ်မှန်ကို မသိနိုင်ပေ။ ထို့ကြောင့် ပေါလုကို တပ်စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ |
ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
ပေါလုသည်မိမိအားရဲတိုက်ထဲသို့ခေါ်ဆောင် သွားမည်ပြုသောအခါ တပ်မှူးအား``သင်နှင့် အကျွန်ုပ်စကားအနည်းငယ်ပြောပါရစေ'' ဟုဆို၏။ ``သင်သည်ဂရိဘာသာစကားကိုပြောတတ် ပါသလော။-
ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-