သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
တမန်တော်ဝတ္ထု 21:32 - Common Language Bible ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။- Garrad Bible စစ် သည် တို့ နှင့် တပ် မှူး တို့ ကို ချက် ခြင်း ခေါ်၍ အ မြန် ချီ ဝင် ရာ ဗိုလ် ချုပ် နှင့် စစ် သည် တို့ ကို ထို သူ တို့ မြင် သော် ပေါ လု ကို အ ရိုက် ရပ် စဲ ကြ ၏။ Judson Bible စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့် စစ်သူရဲတို့ကို မြင်လျှင်၊ ပေါလုကို မရိုက်ဘဲနေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ချက်ချင်းပင် စစ်သားတို့နှင့်တပ်မှူးတို့ကိုခေါ်၍ သူတို့ထံသို့ ပြေးဆင်းလာ၏။ လူတို့သည် တပ်မှူးကြီးနှင့်စစ်သားများကိုမြင်လျှင် ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပ်မှူးကြီးသည် စစ်သားများနှင့် တပ်မှူးများကို ချက်ချင်းခေါ်၍ လူထုပရိသတ်ထံသို့ ပြေးဆင်းသွားလေ၏။ လူထုသည် တပ်မှူးကြီးနှင့်စစ်သားတို့ကို တွေ့မြင်သောအခါ ပေါလုကိုရိုက်နှက်နေရာမှ ရပ်တန့်သွားကြ၏။ |
သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-
ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-