ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
တမန်တော်ဝတ္ထု 21:29 - Common Language Bible (အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။) Garrad Bible ထို သို့ ဟစ် ခြင်း ကား ဧ ဖက် မြို့ သား တ ရော ဖိမ် ကို မြို့ ထဲ တွင် ပေါ လု နှင့် အ တူ မြင် ဘူး သည့် အ လျောက် ဗိ မာန် တော် အ တွင်း ခေါ် သွင်း သည် ဟု ထင် မှတ် ကြ သော ကြောင့် တည်း။ Judson Bible အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူ တရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတစ်ယောက်ကို မြင်ကြသည်ဖြစ်၍၊ ထိုသူကို ပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုခြင်းမှာ သူတို့သည် ဧဖက်မြို့သား တရောဖိမ်ကို ပေါလုနှင့်အတူ မြို့ထဲ၌တွေ့ခဲ့သဖြင့် ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်ခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြောဆိုရခြင်းအကြောင်းမှာ သူတို့သည် ပေါလုကို ယခင်က ဧဖက်မြို့သားတရောဖိမ်နှင့်အတူ မြို့ထဲ၌ တွေ့ခဲ့၍ ပေါလုသည်ထိုသူကို ဗိမာန်တော်ထဲသို့ ခေါ်ဆောင်ခဲ့သည်ဟု မှတ်ယူကြသောကြောင့်ဖြစ်၏။ |
ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
ဧရတ္တုသည်ကောရိန္သုမြို့တွင်နေရစ်၏။ တရောဖိမ် သည်ဖျားနာနေသဖြင့်သူ့အားမိလက်မြို့တွင် ငါထားခဲ့၏။-