ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
တမန်တော်ဝတ္ထု 21:28 - Common Language Bible သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။- Garrad Bible အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ကူ ညီ ကြ ပါ။ ဤ သူ ကား အ ပြည် ပြည် ရှိ လူ ခပ် သိမ်း တို့ အား လူ မျိုး တော်၊ ပ ညတ် တ ရား တော်၊ ဤ ဌာ န တော် များ ကို ဆန့် ကျင် ဘက် သင် ကြား သူ ဖြစ် လျက် ဗိ မာန် တော် အ တွင်း ဂ ရိတ် လူ မျိုး တို့ ကို ခေါ် သွင်း သ ဖြင့် ဤ သန့် ရှင်း သော ဌာ န တော် ကို မ သန့် ရာ ရောက် စေ ပြီ တ ကား ဟု အော် ဟစ် ကြ ၏။ Judson Bible ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကိုလည်းကောင်း ဤအရပ်ဌာနကိုလည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဖမ်းဆီးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “အစ္စရေးလူမျိုးတို့… ကူညီကြလော့။ ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤဗိမာန်ကိုလည်းကောင်း ဆန့်ကျင်လျက် နေရာတိုင်း၌ရှိသော လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းသောနေရာကို ညစ်ညမ်းစေပါပြီ” ဟု အော်ဟစ်ပြောဆိုကြ၏။ |
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-