သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။
တမန်တော်ဝတ္ထု 2:26 - Common Language Bible သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။ Garrad Bible သို့ ဖြစ်၍ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက် ငါ့ လျှာ ရွှင် လန်း ပါ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း စောင့် မျှော် လျက် တည်း ခို ပါ လိမ့် မည်။ Judson Bible ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်း၍ ငါ့နှုတ်သည် ချီးမွမ်းလေ၏။ ထိုမျှမက ငါ့ကိုယ်ခန္ဓာသည်လည်း မျှော်လင့်လျက် အသက်ရှင်လိမ့်မည်။ |
သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။