ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
တမန်တော်ဝတ္ထု 2:19 - Common Language Bible အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။ Garrad Bible အ ထက် မိုး ကောင်း ကင်၊ အောက် မြေ ကြီး ၌ လည်း သွေး ရောင်၊ မီး လျှံ၊ မီး ငွေ့ တည်း ဟူ သော အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ကို၊ ငါ ပြ မည့် အ တိုင်း၊ Judson Bible အထက်မိုးကောင်းကင်၌ အံ့ဖွယ်သော အရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုလည်းကောင်း ငါပြမည်။- မြန်မာ့စံမီသမ္မာကျမ်း အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် အထက်ကောင်းကင်၌ အံ့ဖွယ်ဖြစ်ရပ်များနှင့် မြေကြီးပေါ်၌ နိမိတ်လက္ခဏာများကို ပြမည်။ သွေး၊ မီးလျှံ၊ မီးခိုးငွေ့များကို ငါပြမည်။ |
ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊ မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-