ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။ သူသည်သွား၍အဝေးသို့မရောက်မီ၊-
တမန်တော်ဝတ္ထု 16:36 - Common Language Bible သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။ Garrad Bible ထောင်း မှူး က ဆ ရာ တို့ ကို လွှတ် ရန် မြို့ ဝန် တို့ ဆင့် ဆို စေ ပြီ။ စိတ် ဧ စွာ ထွက် ကြွ ကြ ပါ ဟု ဆို လျက် သူ တို့ စ ကား ကို ပြန် ကြား ရာ၊ Judson Bible ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှာ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထောင်မှူးသည် ထိုသတင်းကို ပေါလုအား ပြောကြားလျက် “အုပ်ချုပ်ရေးအရာရှိများက လူလွှတ်၍ သင်တို့ကိုလွှတ်ပေးရန် မှာလိုက်ပါသည်။ ထို့ကြောင့် ယခုထွက်လာ၍ ငြိမ်းချမ်းစွာသွားကြပါ”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ထောင်မှူးက ပေါလုအား “အာဏာပိုင်များက ဆရာတို့အားလွှတ်ပေးရန် မှာကြားလိုက်၏။ ထို့ကြောင့် ယခုငြိမ်းချမ်းစွာသွားကြပါ” ဟု ပြောလေ၏။ |
ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။ သူသည်သွား၍အဝေးသို့မရောက်မီ၊-
မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
သူတို့သည်ထိုအရပ်တွင်ကာလအတန်ကြာ နေပြီးနောက် ယုံကြည်သူတို့အားနှုတ်ဆက်၍ ပြန်လွှတ်လိုက်ကြ၏။-
စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။-
ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။
ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။
ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။
သို့ဖြစ်၍သင်သည်အေးချမ်းစွာအိမ်သို့ပြန်၍ သူတို့မနှစ်သက်မည့်အမှုတစ်စုံတစ်ခုကိုမျှ မပြုပါနှင့်'' ဟုဆို၏။