ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့ စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
တမန်တော်ဝတ္ထု 16:28 - Common Language Bible သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။ Garrad Bible ပေါ လု က ကိုယ် ကို အ န္တ ရာယ် မ ရှာ နှင့်။ ငါ တို့ အာ လုံး ရှိ ကြ သည် ဟု အ သံ ကျယ် စွာ ဟစ် သ ဖြင့်၊ Judson Bible ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေါလုက “မိမိကိုယ်ကိုယ် အန္တရာယ်မပြုနှင့်။ ကျွန်ုပ်တို့အားလုံး ဤနေရာတွင် ရှိကြပါ၏” ဟု ကျယ်လောင်သောအသံနှင့် ပြော၏။ |
ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့ စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။
သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။ သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။-
ထောင်မှူးသည်အိပ်ရာမှနိုး၍ထောင်တံခါး များပွင့်လျက်နေသည်ကိုမြင်လျှင် အကျဉ်း သားများထွက်ပြေးကြပြီဟုထင်မှတ်သဖြင့် ဋ္ဌားကိုဆွဲထုတ်ပြီးလျှင်မိမိကိုယ်ကိုသတ် မည်ပြု၏။-
ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။