အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
တမန်တော်ဝတ္ထု 16:13 - Common Language Bible ဥပုသ်နေ့၌မြို့တံခါးအပြင်သို့ထွက်ကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြုရန်နေရာရှိမည် အထင်နှင့်မြစ်ကမ်းနားသို့သွားရောက်၍ ထို အရပ်တွင်စုဝေးလျက်နေသည့်အမျိုးသမီး တို့အားဟောပြောကြ၏။- Garrad Bible ဥ ပုသ် နေ့ ကျ ရောက် သော် မြို့ တံ ခါး ပြင် မြစ် ကမ်း အ နီး ငါ တို့ အ မှတ် ပြု ခဲ့ သော ပ ဌ နာ ဇ ရပ် သို့ သွား ရောက် ထိုင် နေ စဉ် စု ရုံး လာ ကြ သော မိန်း မ တို့ အား ဟော ပြော ကြ ရာ၊ Judson Bible ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် မြို့တံခါးအပြင်သို့ ထွက်၍ ဆုတောင်းရန် နေရာရှိနိုင်မည့် မြစ်ကမ်းနားသို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ထိုင်၍ ထိုနေရာတွင် စုဝေးနေကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။ |
အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-
နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-
တရားဇရပ်မှပေါလုနှင့်ဗာနဗတို့ထွက်ခွာ လာကြစဉ် လူတို့ကမိမိတို့အားနောက်လာ မည့်ဥပုသ်နေ့၌ ဤအကြောင်းအရာများကို တစ်ဖန်ဟောပြောရန်တောင်းပန်ကြ၏။-
တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။-
သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-
ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
သို့ရာတွင်ခုနစ်ရက်စေ့သောအခါ ကျွန်ုပ်တို့ သည်ဆက်၍ခရီးပြုကြလေသည်။ တပည့် တော်အပေါင်းတို့သည်မိမိတို့၏ဇနီးများ၊ ကလေးများနှင့်အတူမြို့ပြင်ပင်လယ်ကမ်း သို့ရောက်အောင်လိုက်ပို့ကြ၏။ ကျွန်ုပ်တို့သည် ပင်လယ်ကမ်းပေါ်တွင်ဒူးထောက်၍ဆုတောင်း ကြ၏။-
တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။