နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။
တမန်တော်ဝတ္ထု 15:36 - Common Language Bible ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။- Garrad Bible နေ့ ရက် အ တန် ကြာ ပြီး နောက် ဗာ န ဗ အား ပေါ လု က အ ရှင် ဘု ရား၏ တ ရား တော် ကို ငါ တို့ ကြော် ငြာ ခဲ့ သော မြို့ ရွာ တိုင်း ရှိ ညီ အစ် ကို တို့ အ ဖြစ် အ နေ ကို အ ကြည့် အ ရှု ပြန် သွား ကြ ကုန် အံ့ ဟု ဆို သော်၊ Judson Bible အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ဟု ဗာနဗအားဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်ပေါင်းအတန်ကြာသောအခါ ပေါလုက ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ကျွန်ုပ်တို့ဟောပြောခဲ့ဖူးသည့် မြို့များရှိ ယုံကြည်သူတို့ထံပြန်၍ သွားရောက်ကြည့်ရှုကာ မည်သို့ရှိနေကြသည်ကို လေ့လာကြစို့” ဟု ပြော၏။ |
နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။
မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-
ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
ဘုရင်ခံသည်ထိုအဖြစ်အပျက်ကိုမြင်လျှင် ယုံကြည်လာ၏။ သူသည်သခင်ဘုရား၏တရား တော်ကိုကြားသောအခါအံ့သြမိန်းမော၍ နေ၏။
ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-
သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
ယခုအခါတိမောသေသည်ငါတို့ထံသို့ ပြန်လည်ရောက်ရှိလာပေပြီ။ သူသည်သင်တို့ ၏မေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းသတင်း ကောင်းကိုယူဆောင်လာခဲ့၏။ သင်တို့သည် ငါတို့အားအစဉ်သတိရလျက်နေကြ ကြောင်းကိုလည်းကောင်း၊ သင်တို့အားငါတို့ တွေ့မြင်လိုသကဲ့သို့သင်တို့သည် ငါတို့အား တွေ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေကပြောပြ၏။-
သင်အဘယ်သို့မျက်ရည်ကျသည်ကိုသတိ ရလျက် ငါသည်သင့်အားအလွန်တွေ့မြင်လို ၏။ သင့်ကိုတွေ့မြင်ရခြင်းသည်ငါ့အားဝမ်း မြောက်စေလိမ့်မည်။-