လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
တမန်တော်ဝတ္ထု 15:31 - Common Language Bible ထိုစာကိုဖတ်ပြကြသောအခါသူတို့သည် အားပေးစကားများကြောင့်လွန်စွာဝမ်း မြောက်ကြ၏။- Garrad Bible ဖတ် နာ ရ သော် နှစ် သိမ့် စေ ချက် ကြောင့် ရွှင် လန်း ကြ၏။ Judson Bible မှာစာကို ဖတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုစာကိုဖတ်ကြသောအခါ ၎င်း၌ပါသော တိုက်တွန်းအားပေးမှုကြောင့် ဝမ်းမြောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ထိုစာကို ဖတ်ရှုကြသောအခါ စာတွင်ပါရှိသောအားပေးစကားကြောင့် ဝမ်းမြောက်ကြ၏။ |
လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်ကိုသွေးစမ်းလိုကြသနည်း။ ငါတို့ဘိုး ဘေးများသော်လည်းကောင်း၊ ငါတို့ကိုယ်တိုင် ပင်သော်လည်းကောင်း၊ မထမ်းနိုင်သည့်ဝန်ကို အဘယ်ကြောင့်ထိုသူတို့အားထမ်းစေကြ ပါသနည်း။-
စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။
ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-