ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
တမန်တော်ဝတ္ထု 15:14 - Common Language Bible ဘုရားသခင်သည်ရှေးဦးစွာလူမျိုးခြားတို့ အနက်အချို့သောသူတို့ကို မိမိ၏လူစု တော်ဝင်များဖြစ်စေရန်ရွေးထုတ်ခြင်းအား ဖြင့် သူတို့ကိုဂရုစိုက်တော်မူကြောင်းရှိမုန် ရှင်းပြခဲ့ပြီ။- Garrad Bible ဘု ရား သ ခင် သည် နာ မ တော် ဖြင့် သ မုတ် ခံ ရ မည့် လူ စု ကို လူ မျိုး ခြား တို့ အ နက် ရွေး ကောက် ရန် အ ထက် ကြည့် ရှု တော် မူ ကြောင်း ရှိ မုန် ပြန် ကြား လေ ပြီ။ Judson Bible ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။ |
ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။
ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။-
ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။